ကြုံရသောလမ်း
ခရီးကြမ်းတွင်
ကူရာဖော်မဲ့
ဖေးမသူနဲ
ခရီးခဲကို
တကိုယ်တည်းလျှောက်
ပန်းမရောက်ခင် ...
ရင်ဆိုင်ခက်ခဲ
တဦးတည်းပဲ
မှီခိုအားထား
တွယ်ရာ မခင်
မနေချင်၍
အံ့ကိုကြိတ်ရင်း
မာန်တင်းရင်းဖြင့်
ဆက်လျှောက်လေသော် ...
မိန်းမသားမို့
မော ပန်း လေသမျှ
နှစ်ဆ များလား ထင်မှတ်မှားသည် ...
ငယ်စဉ် ဘဝ
ဖေးမ ကူ ထူ
အားပေးတူ သည့်
မိဘ ဆရာ မိတ်သဟာအား
မှန်းဆကာတွေး
လွမ်းမိသည် ...
ရွေးချယ်ဘဝ
သည်မာနကြောင့်
မောရ ပန်းရ လွမ်းရလေသည်
အတိတ်ဆီသို့ ...
သို့သော်
ပန်းတိုင် ထိုတောမြိုင်ကို
ပီတိကိုစု အားအင်ပြု၍
ရင်ဆိုင်အံ့တု
ကျော်လွှားပြုမည် ...
မာနတံခွန် မထူပါ ...
ယုံကြည်ချက်ဖြင့် ရှေ့ဆက်ပါ ...
ပီတိသည်သာ ခွန်အားပါ ...
မေနှင်းခါးခါး
No comments:
Post a Comment