ဆယ်​တန်းစာ​မေးပွဲ ကျတာလား?

ဆယ်တန်း စာမေးပွဲ ကျတာလား?

ကျောင်းစာမေးပွဲ ကျတာပါ !

ဘဝစာမေးပွဲ ကျတာ မဟုတ်ပါဘူး !!


*ဤ ပိုစ့်သည် ငွေကြေး ပြည့်စုံ၍ နောက်နှစ်အတွက် သေချာစီစဉ်ထားသော သူများအတွက်မဟုတ်*


အောင်စာရင်းထွက်ချိန်

အောင်တဲ့သူတွေပျော်နေတာမြင်ရတဲ့ အချိန်မှာ ...
နဂိုကတည်းက ကျမယ်လို့တွေးထားပြီး
တည်ငြိမ်တဲ့သူတောင် ဝမ်းနည်း တုန်လှုပ်ရချိန်ပါ !

~မိဘရဲ့ ယူကြုံးမရခြင်း နဲ့ ဆူပူမှု့
ဆရာတွေရဲ့ ပြစ်တင်မှု့
ရွယ်တူကျောင်းသားများရဲ့ လျှစ်လျူရှု့မှု့ နဲ့ အထင်သေးသော
မျက်လုံးတွေကို ရင်ဆိုင်ပါ ... ... ...
နာကျင်ရလား ?
နာကျင်ပါ ...

~ငိုချင်တဲ့သူ ရတဲ့နေရာမှာ အားပါးတရ ငိုပါ ...
ပြီးလျှင် ရှေ့ဆက်ဖို့စဉ်းစားပါ ... ... ...

~ငိုမရတဲ့ သူ က မကျရတဲ့ မျက်ရည်ကို
နာကျင်မှု့နဲ့ ပေါင်းပါ ... ခွန်အားနဲ့ မခံချင်စိတ်ရပါတယ် ... ...
နာကျင်မှု့ + မျက်ရည် = ခွန်အား မခံချင်စိတ် > ကြိုးစားမှု့

~ထိုမခံချင်စိတ်ကနေ
တကယ်ကြိုးစားချင်စိတ်ရပြီ
စာမေးပွဲထူးချွန်စာအောင်ဖို့ ဆုံးဖြတ်ချက်ချနိုင်ပြီဆိုလျှင်
သင် ၁၀ ကျော်သက်ရဲ့ ဘဝ စာမေးပွဲကို အောင်ပါပြီ ... ... ...

~ကျောင်းစာမေးပွဲ အောင်ဖို့
မိမိကိုယ်ကို ယုံကြည်ချက်နဲ့ ဆက်သွားပါ ... ... ...

~စာမေးပွဲကျတယ်ဆိုတာ
တကယ်တော့
#သင် 1 D မှ All D ထွက်အောင် ထပ်ကြိုးစားဖို့
အခွင့်အရေး ရတာပါပဲ !

~ကျောင်းစာမေးပွဲ ကျရှုံးမှု့ပါ ...
ဘဝစာမေးပွဲကျရှုံးခြင်းမဟုတ်ပါဘူး ...

~ကျူရှင်ပြန်တတ်မယ့်သူက ...
ယခင်လို ကျောင်းနဲ့ ကျူရှင်ကြား ဗျာ များရတဲ့
ဒုက္ခကင်းပါပြီ ... စာပိုလုပ်ဖို့အချိန်ရပါပြီ ...
ကျူရှင်စာသင်ခန်းမှာ ...
လူတော်စာရင်းပါဖို့
ဆရာတွေစိတ်ထဲကို သင်လူတော်ဆိုတဲ့ အသိထည့်ပေးဖို့
ဆုံးဖြတ်ချက်နဲ့ လေးလေးနက်နက် ရှိနေပြီဆိုလျှင် ... ...

~ဆယ်ကျော်သက်ရဲ့ ဘဝစာမေးပွဲကို သင်အောင်မြင်နေပြီး
ကျောင်းစာမေးပွဲ အတွက် သင် ကောင်းစွာ ပြင်ဆင်နေပါပြီ ...

~ကျူရှင် အသွား/အပြန် ရင်ဆိုင်ရမယ့် ပတ်ဝန်းကျင်က
မျက်လုံးတွေရှေ့မှာ အားတင်းပြီးလျှောက်ပါ ...
ကျူရှင်မှာ စာတော်သူစာရင်းဝင်တဲ့ အခါ
သင့်ခြေလှမ်းတွေ ရဲဝံ့လာမယ် ...
သူတို့အကြည့်တွေ မှိန်သွားမယ် ... :-)

~ကျူရှင်မတတ်/ ကျောင်းပြန်မတတ်သူတွေ ...
စာကို တနေ့ ၉ နာရီရအောင် အချိန်စာရင်းနဲ့ လုပ်ပါ။

#စာစလုပ်တဲ့နေက စ၍
၁ ပတ်အတွက် ပန်းတိုင်ထားပါ ...
ထိုပန်းတိုင်ပြည့်အောင်လုပ်ပါ ...

ပြီးလျှင် ၁ လ ပန်းတိုင်ထားပါ ...

~ ၁၀ လပိုင်းရောက်လျှင်
စာမေးပွဲ ဖြေရန် ကျန်ရှိရက်ကိုရေးမှတ်ပါ ...

 ~၁၀ လပိုင်းနဲ့ ၁၂ လပိုင်းကြားမှာ
အားကုန်လာတယ်ထင်လျှင် ...
သင့်ကျန်ရှိရက်ကို သေချာကြည့်ပါ ...
နာကျည်းခဲ့ရ လျှောင်ပြောင်ခံခဲ့ရတာတွေ ပြန်သတိရပါ ...

~သင့်မာန၊ မခံချင်စိတ် နဲ့ နာကျည်းချက် ကို
စာလုပ်ရတာ ပျင်းမယ်ထင်တိုင်း
ထုတ်သုံးပါ ...

သတိထားရမှာက
#စာတွေလိုက်နိုင်လာပြီး သီတင်းကျွတ်လောက်ရောက်ခါနီးရင်
အောက်ချေလွတ်ပြီး မပေါ့သွားပါနဲ့ ...
နောက်၂ လ နေရင် ... ၁၂ လ ပိုင်း ရောက်ပါပြီ ...
၁၂ လပိုင်းကနေ စာမေးပွဲ ဖြေဖို့
ရက် ၉၀ သာကျန်တာ သိကြပ်ကြပ်ရပါ။ ... ... ...

#Ph ကို နှိုးစက်နဲ့ သီချင်းနားထောင်ဖို့သာသုံးပါ
Social မီဒီယာနဲ့ ဂိမ်းတွေက ...
စိတ်ခိုင်သူ အတော်များများကိုတောင် ဆွဲဆောင်နိုင်ပါတယ် ...

#မိဘကအားပေးခဲ့ရင် ကျေနပ်ပါ အားရှိပါ
 လမ်းတဝက်နဲ့ ဘဝင်မမြင့်သွားပါနဲ့
တကယ်ဘဝင်မြင့်ရမယ့်အချိန်က
အောင်စာရင်းထွက်ချိန်မှဆိုတာမမေ့ပါနဲ့!!

*မိဘ*
သင့်ကလေးကို ၁၀ တန်းအောင်စေချင်သလား ဆုံးဖြတ်ပါ။
အောင်စေချင်လျှင် ... ... ...

~သင်အဆင်ပြေပြေ မပြေပြေ
သင့်ကလေးကို ဒီတနှစ် ဒုက္ခခံပြီးထားနိုင်အောင်ကြိုးစားပါ ...

~သင့်ကလေးက စိတ်ဓာတ်ကျလွယ်သူလား?
မခံချင်စိတ် မာနနဲ့ ကျိုးစားတတ်သူလား ?
ထိုအပေါ်မူတည်၍ ဆူနည်း ဆုံးမနည်း သင့်တော်တာရွေးပါ ။

~ပြန်ဆယ်လို့မရအောင် စိတ်ဓာတ်ကျသည် အထိဆူဖို့
မလိုသလို
စာမေးပွဲကျတာ သူ့အပစ်မဟုတ်သလိုဖြစ်အောင် ပစားပေးဖို့မလိုပါ။

~မိမိကဆင်းရဲနေလျှင် မိသားစုအခြေအနေကို ကလေးနားလည်အောင်၊ သနားတတ်လာပြီး ကြိုးစားချင်စိတ်ရှိလာအောင် သင်ရိုက်ထည့်ပေးနိုင်ရမည် ။

~ကလေး ၁၀ တန်းအောင်ရင် ...
မိသားစု ဘဝအတွက် အားကိုးကြောင်း
ဂုဏ်ယူချင်ကြောင်း ...
ဒီမိသားစုလေး ရှေ့ဆက်အိမ်မက်တွေအကြောင်း
သင့်ရင်ထဲကအတိုင်းပြောပြပါ ...
(အထူးသဖြင့် မိခင်ကပြောရမှာ)
မရှက်ပါနဲ့ ... မာနမထားပါနဲ့

#သားသမီးတွေ အားငယ်ချိန် နဲ့ စိတ်ဓာတ်ကျချိန်မှာ လိုအပ်တာ
#မိဘဆီကအားပေးမှု့နဲ့ ယုံကြည်မှု့ပါ

#ကလေးကမိသားစုအတွက်အရေးပါသူဆိုတာသိပါစေ။

#ငွေထက်အင်အားကြီးသောခွန်အားကိုပိုပေးဖို့ကြိုးစားပါ။

၁ လနဲ့ ၁ လ ကလေးရဲ့ စာလုပ်နှုန်းကို သတိထားပါ
လျော့လာရင် သင်သတိပေးပါ
ဆူသင့်ဆူပါ ... !

ငယ်ငယ်ကတည်းကသင်ခဲ့တဲ့ စာတွေ
ပင်ပန်းမှု့တွေ အရာထင်အောင်လုပ်ပါ ...

#ဘာပဲကျကျ စိတ်ဓာတ်မကျပါနဲ့ !
#ဘာပဲချိုးခံရခံရ မျှော်လင့်ချက်တွေရိုက်မချိုးပါနဲ့ !
#ဘာတွေပဲပျက်သုန်းပါစေ ယုံကြည်ချက်တွေမပျက်သုန်းပါနဲ့ !

ဘဝက ဒီမှာတင်ပြီးသွားတာမှမဟုတ်တာ
ရှေ့ဆက်ဖို့ ပန်းတိုင်တွေရှိတယ်မဟုတ်လား ... ... ...

ကလေးအမေမဟုတ်တဲ့ ကျွန်မရေးသောစာ
မိဘနဲ့ ကျောင်းသားတွေကြား တပိုင်းတစ အသုံးဝင်ပါစေ ...

*** မေနှင်းခါးခါး ***
 ( ၁၁ . ၆ . ၂၀၁၆ )

အမှတ်စာရင်းတွေ ထွက်ရင် ... အောင်တဲ့ကလေးတွေအတွက်ရေးပါအုံးမည်။
Photo credit to original owners

No comments:

Post a Comment